ဒီကားလေးက စကားပြောခန်း များများစားစားမပါဘူးဗျ အဲ့ဒီ ဇတ်ကားထဲက အဓိက သရုပ်ဆောင် ကလေးမလေးကလဲ တစ်ကားလုံး စကားမပြောသွားဘူး… ဒါပေမယ့် အသံတိတ်လေးတွေ ကြည့်ရတာလဲ တန်ပါတယ်.. တံငါသည် အဖိုးကြီးတစ်ယောက်ဟာ ကလေးမလေးတစ်ယောက်ကို ငယ်ငယ်ထဲက မွေးစားလာခဲ့ပါတယ် လှေပေါ်မှာပဲ ထားတယ် သူစိမ်းယောင်္ကျားလေးတွေနဲ့ ပေးမတွေ့ပါဘူး လှေပေါ်ကို လာလည်တဲ့ ငါးဖမ်းသူတွေက ကလေးမလေးကို ရိသဲ့သဲ့လုပ်ရင်လဲ မျှားနဲ့ ပစ်ပြီး ဆုံးမလေ့ရှိပါတယ်… လူတွေ အတင်းပြောကြတာကတော့ အဖိုးကြီးက ကလေးမလေးနဲ့ ညားနေကြတာလို့ ပြောလေ့ရှိကြတယ်.. ကလေးမလေးကလဲ တစ်ခြား သူစိမ်းတွေက ရိသဲ့သဲ့ လာလုပ်ရင် မျှားနဲ့ ပစ်ပြီး ဆုံးမတယ် အကပ်မခံဘူးပေါ့.. ဒါပေမယ့် တစ်ရက်မှာတော့ လှေပေါ်ကို ငါးဖမ်းအဖွဲ့နဲ့ ကောင်လေးတစ်ယောက်ပါလာတယ် အဲ့ဒီကောင်လေးကို ကလေးမလေးက မြင်မြင်ချင်း ချစ်သွားတဲ့အခါ ကလေးမလေးကို အူတိုတဲ့ အဖိုးကြီးနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ Download ဆွဲကြည့်လိုက်ကြနော်.. 18+ ဖြစ်လို့ ကလေးသူငယ်များ မိသားစု နှင့် အတူကြည့်ရန် မသင့်တော်ပါ… (သစ်ဆန်းခန့်)
Comments
Post a Comment