https://channelmyanmar.org/wp-content/uploads/2016/02/Basic-instinct-1373391946-51.jpg

ဒီဇာတ်ကားကိုတော့ အတော်များများ သိဖူးပြီးသား နေမှာပါ။
တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသမီး ရှာရွန်စတုန်းရဲ့ အဟော့ဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားပါ။
ဒီဇာတ်ကားထဲမှာ ရှာရွန်စတုန်းရဲ့ ခြေထောက်ပြောင်းချိတ်ပြတဲ့ ဇာတ်ဝင်ခန်းက ယခုအချိန်ထိ နာမည်ကြီးနေတုန်းပါပဲ။ ဒီလောက်ဆို တော်တော်များများ အမှတ်ရသွားလောက်ပါပြီ။ ?
18+ ဇာတ်ဝင်ခန်းတွေတော်တော်များများပါသလို ဒိုင်ယာလော့ခ်တွေကလဲ ပွင့်လင်းလွန်းပါတယ်။
(ဒါကြောင့် မိသားစုနဲ့မကြည့်သင့်လို့ 18+ ဆိုပြီး ခေါင်းစဉ်တပ်ပေးထားပါတယ်။)ဇာတ်လမ်းကတော့….
Catherine Tramell (ရှာရွန်စတုန်း) က လူသတ်ဝတ္ထုတွေရေးတဲ့ စာရေးဆရာမ…ညှို့အားပြင်း အမျိုးသမီး…သူမရေးတဲ့ ဝတ္ထုထဲက ဇာတ်လမ်းတွေအတိုင်း အပြင်ဖက်မှာ လူသတ်မှုတွေဖြစ်ပေါ်လာတဲ့အခါ….။
သူမဟာ ပုရိသတွေရင်မောရလောက်တဲ့အလှအပ….ထက်မြက်တဲ့ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြုပြီး
သူမရဲ့ သားကောင်တွေကို ရက်ရက်စက်စက် ကစားတတ်ပါတယ်။
ဒါကိုအမိဖမ်းဖို့ စုံထောက် နခ် (မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်) ကကြိုးစားလာတဲ့အခါ..
ရဲကိုပါ ကျုံးသွင်းမယ့် Catherine Tramell ဇာတ်ရုပ်ကို အလှည့်ဖျားနိုင်ဆုံး ကောက်ကျစ်တဲ့ အမျိုးသမီးဇာတ်ရုပ်အဖြစ် ရှာရွန်စတုန်း ဘယ်လိုအသက်သွင်းသွားမလဲဆိုတာ……….။Basic Instinct ဇာတ်ကားဟာ ကြည့်ရှုသူတွေ Pause ခလုတ်နှိပ်ပြီး ရပ်ကြည့်ရတဲ့
ဇာတ်ကားစာရင်းထဲမှာ ထိပ်ဆုံးကပါပါတယ်။ ဒီလောက်ထိ ရှာရွန်စတုန်းဟာ ဆွဲဆောင်နိုင်ခဲ့ပြီး….
Catherine Tramell ဇာတ်ရုပ်ကို ကောက်ကျစ်တဲ့ အမျိုးသမီးဇာတ်ရုပ်အဖြစ်
တသသဖြစ်အောင်လဲ အသက်သွင်းနိုင်ခဲ့ပါတယ်။

Comments

Popular posts from this blog

https://asianflixs.files.wordpress.com/2013/12/the-bow.jpg

https://1.bp.blogspot.com/-O1WF8e6-Ek4/XvwM5drOp7I/AAAAAAAAAq8/l6XkmK19X1M3-sUfRiCZGS5fs94LzkdJgCLcBGAsYHQ/s1600/That_Awkward_Moment.jpg

https://1.bp.blogspot.com/-Ndvi24ud6Ws/XvwODYE9OiI/AAAAAAAAArI/M2IVLFxSEckSSpxKgVLKOU6-4IdY0eHGQCLcBGAsYHQ/s1600/download%2B%25281%2529.jpg